တာချီလိတျ  အောကျတိုဘာ  ၁၄
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန က  အခွန် ဆိုင်ရာအကြောင်း အရာများနှင့် အခွန်ဥပဒေများအား  သိရှိနားလည်လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ရောင်းချခြင်း စီမံချက်နှင့် အထူးကုန်စည်ခွန်ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို  အောက်တိုဘာ  ၁၄ ရက်၊ နံနက်  ၁ဝနာရီက မကာဟိုခမ်းရပ်ကွက်ရှိ     ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။                                                                                                     အခမ်းအနားတွင်  မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးတိုးလှိုင် က  ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန် နှင့်  အောင်ဘာလေသိန်းဆုခွန် ဆိုင်ရာများ၊ ပြေစာ တံဆိပ်ကပ်နှိပ်ရောင်းချရန် ပျက်ကွက်ပါက  ထိုက်သင့်သည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များက  သိရှိလိုသည်များအား ပြန်လည် ဆွေးနွေးသည်။  ထို့နောက် အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည့်   မြို့ပေါ်ရှိ  စားသောက်ဆိုင်ပိုင်ရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းပိုင်ရှင်များအား   ၁၉၇၄ ဝင်ငွေ ခွန် ဥပဒေ နှင့် ၁၉၉၀ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ စာအုပ် နှင့်  Revenue ဂျာနယ်များကို  ဖြန့်ဝေပေးသည်။                                                                  ထိုသို့ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကို  ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်  အခြေခံပညာအထက်တန်း ကျောင်း(၅)ကျောင်း ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းတို့တွင် ပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
                                                                                                ဝေယံလင်း








 
Top