မိုင်းဖြတ် အောက်တိုဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းဖြတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က
မြို့နယ်အတွင်းရှိ တောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်မှု
တိုးတက်မြင့်မားရေး ၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းပညာများ လက်တွေ့ လေ့လာဆည်းပူးနိုင်ရေး စဉ်ဆက်မပြတ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ စပါးသီးနှံစိုက်ခင်းများ၊ ဥယျဉ်ခြံများ နှင့် သဘာဝဓာတ်မြေသြဇာ အသုံးပြုစိုက်ပျိုးထားသည့် သီးပင်စားပင် စိုက်ခင်းများအား ကွင်းဆင်းလေ့လာရေးကို အောက်တိုဘာ
၇ ရက်၊ နံနက်က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကျေးရွာများမှ တောင်သူများ ၏ လေ့လာရေးခရီးစဉ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)
စိုက်ပျိုးရေး ဦးစီးဌာန မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး ဦးလှဝင်း နှင့် တာဝန်ရှိသူ
များက စိုက်ပျိုးနည်းစနစ်များ၊ သွင်းအားစု ထည့်သွင်းနည်းစနစ်များ၊ နှစ်ရှည်သီးနှံ
ရာဘာစိုက်ပျိုးနည်းစနစ်များကို စိုက်ခင်းများတွင် လက်တွေ့ ရှင်းလင်းပြောကြားသည်။ အဆိုပါ လေ့လာရေးခရီးစဉ်အား မိုင်းဖြတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင် ဦးဆောင်၍ မွန်ကာကျောင်းကျေးရွာအုပ်စုမှ တောင်သူ(၂၀)ဦး၊
တောညုကျေးရွာအုပ်စုမှ တောင်သူ(၂၀)ဦး နှင့် ဌာန၀န်ထမ်း(၅)ဦး စုစုပေါင်း (၄၅)ဦး ပါဝင်ပြီး ၊ စိုက်ပျိုးနည်းစနစ်များ
သိရှိလေ့လာခွင့်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုး
တက်ရေး အထောက်အကူဖြစ်သဖြင့် တောင်သူများက ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရ သည်။
ဝေယံလင်း