တာချီလိတ် အောက်တိုဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် တရားမ၀င်တင်သွင်းလာသည့် ငွေကျပ်သိန်းခြောက်ရာခန့် တန်ဖိုးရှိ LEO ဘီယာဖာ(၆၀၀၀) အား ဖျက်ဆီးခြင်းကို ယနေ့ အောက်တိုဘာ
၈ ရက်၊ နံနက် ၁၀ နာရီ က မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်း၌ ပြုလုပ်ရာ
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးမြ၀င်း နှင့် ဖျက်ဆီးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ တက် ရောက်သည်။ အဆိုပါ LEO ဘီယာဖာ (၆၀၀၀)မှာ ဇွန်လ ၉ ရက်နေ့က တာလေနယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့ပြီး၊ ပိုင်ရှင်မဲ့အဖြစ် လာရောက်အပ်နှံထားခြင်းဖြစ်ရာ ပြည်တွင်းသို့ ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာခြင်းဖြစ်သည့် အတွက် ပလက ၁၆၇
(၈)နှင့် ကုန်လမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇(၁)အရ
ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်း ဆည်းခဲ့ခြင်းဖြစ်ပြီး၊ တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာ၊ စီးကရက်နှင့် ၀ိုင်အမျိုးမျိုးတို့အား
သိမ်းဆည်း ရရှိပါက လေလံတင်ရောင်းချခြင်းမပြုဘဲ ဖျက်ဆီးရန် ညွှန်ကြားချက်အရ ဖျက်ဆီးခြင်းဖြစ်ကြောင်းသိရသည်။ ထိုကဲ့သို့ အများပြည်သူစားသုံးရန်မသင့်သည့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် အရက်၊ ဘီယာ၊ FDA ထောက်ခံချက်မပါရှိသည့် အချိုရည်မျိုးစုံ၊ စားသောက်ကုန်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ
စုစုပေါင်း တန်ဖိုးငွေကျပ် (၂၈ ဒဿမ ၇၁၅၁)သန်းခန့်အား ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၈ ရက်နေ့က ဖျက်ဆီးခဲ့ ကြောင်းသိရသည်။
ဝေယံလင်း