တာချီလိတ် အောက်တိုဘာ
၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ
လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၆)ဖွင့်ပွဲကို ယနေ့ အောက်တိုဘာ
၇ ရက်၊ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင် က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရ
ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ ပိုမိုထိရောက်အောင်မြင် စွာ ထမ်းဆောင်နိုင်ရေး၊ ပြည်သူလူထုလိုလားမျှော်လင့်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးတွင်
အုပ်ချုပ်ရေးမှူးကောင်း များဖြစ်ရန် နှင့် ရပ်ကွက်၊ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအနေဖြင့်
လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ပြည်သူများ
အားကိုးယုံကြည်ရသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်ရေး ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
(၃၁)ဦး နှင့် အငယ်တန်းစာရေး (၃၁)ဦး စုစုပေါင်း(၆၂)ဦး တက်ရောက် မည်ဖြစ်ပြီး၊ သင်တန်းအား
အောက်တိုဘာလ(၇)ရက်နေ့မှ(၉) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း