တာချီလိတ် အောက်တိုဘာ
၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း၏
နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ အသစ်များ ပြန်လည်ရွေးချယ်ပွဲကို တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ အောက်တိုဘာ ၅ ရက်၊ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာ ညီညီအောင်
က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊
ဥက္ကဋ္ဌ ဦးခင်မောင်ဟန် က အသင်းချုပ်၏
ရည်ရွယ်ချက်များ၊ သတ္တုသယံဇာတအမျိုးမျိုးအား လုပ်ကိုင်ဆောင်ရွက်သူများ၊ သတ္တုသိုက်နှင့်
ထုတ်လုပ်မှုစနစ်များ၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း
၊ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးတင်နွယ် တို့က အသင်းစတင်ဖွဲ့စည်းမှု၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မှုနှင့်ငွေစာရင်း
ရှင်းတမ်းဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အလုပ်အမှုဆောင်အဖွဲ့ အသစ်အား မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ပြန်လည်ရွေးချယ်ရာ ဥက္ကဋ္ဌ အဖြစ် ဦးမြင့်ဦး (မြင့်ဦးအောင်ကုမ္ပဏီ)အား လည်းကောင်း၊
ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် ဦးအောင်ခင် (ဟိန်းကောင်းဆက်ကုမ္ပဏီ)အား
လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဦးကျော်လင်း(စံပါရမီကုမ္ပဏီ) အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်
ဦးထွန်းဝင်း(နောင်တုံနဂါးကုမ္ပဏီ)အားလည်းကောင်း၊ တွဲဖက် အတွင်း ရေးမှူး အဖြစ် ဦးတင်ထွန်းနိုင် နှင့် အဖွဲ့ဝင်(၁၃)ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ဝေယံလင်း