မိုင်းယောင်း ဧပြီ
၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်လွတ်ကျေးရွာ၌ ဧပြီ ၄ ရက်၊ ညနေပိုင်း က နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဝမ်လွတ်ကျေးရွာနေ ဦးနွဲ့ခမ်းကျောက် နေအိမ်ရှိ ဆိုလာမီးနှင့်တွဲလျက် ဘက်ထရီ အပူလွန်ကဲရာမှ
ညနေ ၃ နာရီ ခန့်က နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ်(၁)စီး၊ တပ်ဖွဲ့ဝင်(၅)ဦး၊
အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင်
မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ကာ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊
အခြားသို့ မီးကူးစက်လောင် ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဦးနွဲ့ခမ်းကျောက် အား မိုင်းယောင်းမြို့မရဲစခန်း
တွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း