တာချီလိတ် မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၇၅)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်
(၄၅)တို့၏ သင်တန်းဆင်းပွဲ ကို ယနေ့ မတ် ၂၄ ရက်၊ နံနက် ၉ နာရီ က အဆိုပါသင်တန်းကျောင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နယ်စပ် ဒေသရှိ
တိုင်းရင်းသူကလေးများအား အိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့်သင်ကြားတတ်မြောက်
သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ
ကူညီဆောင် ရွက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့် အတန်း မြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးလေး များ ဖြစ်လာစေရန်၊
တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်များ
အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများ
ဖြစ်လာစေရန်၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှုအတတ်ပညာများ ပိုမိုထွန်းကားပြန့်ပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့်
ဖွင့်လှစ်ပေးခြင်းဖြစ်ရာ သင်တန်းမှ ရရှိလာသည့် အတတ်ပညာများအား မိမိတို့ ဒေသတွင် ပြန်လည်အသုံးချပြီး၊ ဒေသဖွံ့ဖြိုးရေး တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးကြရန် ထည့်သွင်းပြော
ကြားသည်။ ထို့နောက် သင်တန်းတွင်
အဆင့်မြင့်စက်မှုထူးချွန်ဆု ရရှိသူများ၊ အခြေခံစက်မှုထူးချွန်ဆု ရရှိသူများ နှင့်
သင်တန်းဆင်းလက်မှတ်များအား ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူး
ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဇော်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး၊
သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ အခြေခံအိမ်တွင်းမှု
သင်တန်းအမှတ်စဉ်(၇၅)တွင် သင်တန်းသူ(၂၃)ဦး၊အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၄၅)တွင် သင်တန်းသူ (၁၉)ဦး စုစုပေါင်း သင်တန်းသူ(၄၂)ဦး
တက်ရောက်သင်ကြားခဲ့ပြီး၊ သင်တန်း စတင် ဖွင့်လှစ်ခဲ့သည့် ၁၃-၃-၁၉၉၂ ခုနှစ် အပတ်စဉ်(၁)မှ ယခုသင်တန်းအထိ အခြေခံအိမ်တွင်းမှုသင်တန်းတွင် (၂၄၃၇)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတွင်
သင်တန်းသူ(၃၃၅)ဦး၊ သိုးမွှေးစက်ဆွဲသင်တန်းတွင် သင်တန်းသူ(၁၆) ဦး၊ အဆင့်မြင့် ဟင်းလျာ
ချက်ပြုတ်နည်းသင်တန်းတွင် သင်တန်းသူ(၁၀)ဦး နှင့် အခြေခံလက်မှု(၀ါး)သင်တန်းတွင် သင်တန်းသူ(၁)ဦး
စုစုပေါင်း သင်တန်းသူ (၂၇၉၉)ဦး သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း