တာချီလိတ် ဇန်န၀ါရီ
၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ပညာရေး
ဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့ကျင့်ကောင်းများ တိုးပွား ရရှိပြီး ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊
တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန် ၊ စာဖတ်ရှိန် မြင့်မား လာစေရန် ကျင့်ဝတ်နီတိရွတ်ဆိုပြိုင်ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ ဇန်န၀ါရီ
၃၀ ရက်၊ နံနက် ၉ နာရီခွဲက ခရိုင်ရုံးရှိ ခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ခရိုင်ဦးစီးအရာရှိ ဦးလှဌေး က ပြိုင်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊
အခြေခံပညာအလယ်တန်း နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၈)ဦးတို့က ကျင့်ဝတ်နီတိများ ရွတ်ဆိုယှဉ်ပြိုင်ခြင်း နှင့်
ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်
ကြသည်။ ထို့နောက် ပြိုင်ပွဲဆုရကျောင်းသား၊ ကျောင်းသူများအား အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်းမှ
ဦးတင်လှိုင်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထိန်မင်း နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး၊
ရုံးခန်းမရှိ Community Centre နှင့် ကလေးစာဖတ်ခန်းတို့တွင် အသုံးပြုရန် ထိုင်ခုံများ၊
စာအုပ်တင်စင် နှင့် ဖော့အခင်းများလှူ ဒါန်းပေးသည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို
တာဝန်ရှိသူက ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း