တာချီလိတ် ဇန်န၀ါရီ
၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန
က အခြေခံပညာကျောင်းသားကျောင်းသူ များအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနားလည်ပြီး မိမိတို့ ပတ်ဝန်ကျင်ရှိ တောင်သူများအား လက်ဆင့်ကမ်းဖြန့်ဝေကာ လူမှုစီးပွားဖွံ့ဖြိုးရေး ရည်ရွယ်လျက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဇန်န၀ါရီ
၂၅ ရက်၊ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး ဦးလှဝင်း က ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလွှမ်းမိုးသူ က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု
တိုးတက်မြင့်မားရေး အခြေခံလိုအပ်ချက်များ၊
ဆန်စပါးအခြေပြု တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ပြီး၊ပြည်တွင်း ပြည်ပ ဈေးကွက်များတွင်
အသုံးပြုပုံနည်းစနစ်များအား နှိုင်းယဉ်ပြသခြင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ရာဘာ၊ လက်ဖက်၊ ကော်ဖီ ထုတ်ကုန်များနှင့် အသုံးဝင်ပုံများ၊ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေးအန္တရာယ်နှင့်
စနစ်တကျကိုင်တွယ်သုံးစွဲနည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကျန်းမာရေးဆိုင်ရာ
ဆက်နွှယ်မှုများအား အကျယ်တ၀င့်ရှင်းလင်းဟောပြောသည်။ ဟောပြောပွဲအပြီးတွင် စိုက်ပျိုးဆိုင်ရာအသိပညာဗဟုသုတများအား ဆွေးနွေးမေးမြန်းခြင်းပြုလုပ်ရာ ပြည့်စုံမှန်ကန်စွာ
ဖြေဆိုနိုင်သည့် ကျောင်းသားကျောင်းသူများကို အမှတ်တရလက်ဆောင်များချီးမြှင့်ပေးပြီး၊
တက်ရောက်လာသည့် ကျောင်းသားကျောင်းသူ (၃၀၀)ကျော်တို့အား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးကာ နံရပ်ကပ်ပိုစတာ စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း