တာချီလိတ် ဇန်န၀ါရီ
၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများ
ဆိုင်ရာကော်မတီ၊ လူမှုဝန် ထမ်းဦးစီးဌာန နှင့် ဝေါလ်ဗီရှင်(မြန်မာ)တာချီလိတ် တို့
ပူးပေါင်းစီစဉ်သည့် ရပ်ရွာအခြေပြု ကလေးသူငယ်
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များနှင့် တိုက်တွန်းရေးအဖွဲ့များ
တွေ့ဆုံဆွေးနွေးပွဲကို မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက် တရုတ်ဘုံကျောင်း၌ ဇန်န၀ါရီ
၂၁ ရက်၊ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်၊
မြို့နယ်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၃၀)မှ ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ
(၁၁၀)ဦးကျော် တက်ရောက် သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များနှင့်
ဌာနဆိုင်ရာများ က ကလေးသူငယ်ဆိုင်ရာပြဿနာများ၊
မူးယစ်ဆေးဝါးကြောင့် ဖြစ်သည့် ပြဿနာများ ၊
သက်ငယ်မုဒိမ်း နှင့်
လူကုန်ကူးခြင်းဆိုင်ရာများ စသည့်ဖြစ်စဉ်များကြုံတွေ့လာပါက လူမှုဝန်ထမ်းဦးစီးဌာနနှင့်
သက်ဆိုင်ရာဌာနများကို လွယ်ကူလျင်မြန်စွာချိတ်ဆက်ဆောင်ရွက်နိုင်စေရန်
ဆွေးနွေးဟောပြောပြီး၊ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်အဖွဲ့ဝင်များက
သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း