တာချီလိတ် ဇန်န၀ါရီ
၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်
ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေး ကော်မတီက ကြီးမှူး၍
ဒုတိယအကြိမ်မြောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်စုံညီပွဲ တော်နှင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲကို ယနေ့ ဇန်န၀ါရီ ၂၁ ရက်၊ နံနက်
၉ နာရီက ရန်အောင်မြေရပ်ကွက်ရှိ တရုတ်ဘုံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ရန်ကုန်မြို့
ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ (၂) ဆရာတော် ဒေါက်တာ ဘဒ္ဒ န္တဥာဏိန္ဒ က အဖွင့်သြ၀ါဒ
ကထာချီးမြှင့်ပေးပြီး၊ မြို့နယ်ဓမ္မစကူးလ်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ ဖြိုးရေးကော်မတီ
ဥက္ကဋ္ဌ တာချီလိတ်မြို့ ဝေဋ္ဌုဝန်မဂ္ဂင်ရိပ်သာကျောင်း
ဆရာတော် ဘဒ္ဒ န္တ နန္ဒိမာဝံသ က အခမ်း အနားကျင်းပရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းမြွက်ကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်
က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ဓမ္မစကူးလ်ကျောင်းသား၊ကျောင်းသူများ အား သင်ယူပြီးမြောက်ကြောင်းလက်မှတ်များနှင့်
သင်ကြားပေးသည့် သံဃာတော်အရှင်သူမြတ်များ၊ ဆရာ၊
ဆရာမများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ကို တာဝန်ရှိသူများက ပေးအပ်ပြီး၊ ကော်မတီမှ တွဲဖက်ဘဏ္ဍာရေးမှူး ဦးဇော်မြင့် က ကျေးဇူးတင်စကားပြောကြား
ကာ ဓမ္မစကူးလ်အကများဖြင့် ဖျော်ဖြေတင်ဆက်သည်။ တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်ပေါင်း(၁၄)ကျောင်း ဖွင့်လှစ်လျက်ရှိရာ
ဆရာ၊ ဆရာမ (၁၃၀)ကျော်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၈၈၅)ဦးတို့ကို
သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဝေယံလင်း