တာချီလိတ် နိုဝင်ဘာ
၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊
တာလော့ရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင် အနီး တွင် ရခိုင်တိုင်းရင်းသားတစ်ဦး က ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်နေသူများက အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် သက်ဆိုင်ရာမှ တရားဝင်ခွင်ပြုချက်ရယူကာ ယနေ့ နိုဝင်ဘာ
၁၉ ရက်၊ နံနက် ၉ နာရီက တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်းသိရသည်။ အဆိုပါ
တစ်ကိုယ်တော်ဆန္ဒပြသူမှာ တာချီလိတ်မြို့ ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အမှတ်(၁၁၅)၊ မီးသတ်ရုံလမ်း၊ ရှမ်းရိုးမကွင်းအနီးရှိ ပင်လယ်စာစားသောက်ဆိုင်မှ ဦးမောင်တင်မြင့် ဖြစ်ပြီး၊
“ အစွန်းရောက် အကြမ်းဖက်သမား (လုံးဝ)မရှိစေရ၊
အကြမ်းဖက်ဝါဒ(လုံးဝ) အမြစ်မတွယ်စေရ၊ အနောက်တံခါးစောင့်သူများကို
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ၀ိုင်းရံပါ၊ လူနည်းစု
တိုင်းရင်းသားများဒုက္ခ ဖေးကူပါ ” စသည့် စာသားပါ
ဗီနိုင်းပိုစတာအား ကိုင်ဆောင်ကာ နံနက်
၁၀ နာရီအထိ ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဝေယံလင်း