တာချီလိတျ    အောကျတိုဘာ  ၂၀
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း  မြန်မာတော်ဝင်သစ္စာ ကုမ္ပဏီ က ဆောင်ရွက်လျက်ရှိသည့်   ကျေးလက်ရေးပေးဝေရေးလုပ်ငန်းအဖြစ်   စိမ့်စမ်းရေသွယ်ယူခြင်းနှင့်  အုတ်ရေလှောင်ကန်တည်ဆောက်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။                 ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်   မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊   ခုတ်၀ကျေးရွာ ရေပေးရေးလုပ်ငန်းအဖြစ်  ငွေကျပ် (၁၇.၈၅)သန်းဖြင့်   နှစ်မိုင်အကွာဝေးမှ စိမ့်စမ်းရေသွယ်ယူခြင်းနှင့်  အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၆)ပေ ရှိ  အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း နှင့်   မိုင်းကိုးကျေးရွာအုပ်စု၊    မောရှက်ကျေးရွာ ရေပေးဝေရေးလုပ်ငန်းအတွက်  ငွေကျပ်(၂၄.၁၅)သန်းဖြင့်  သုံးမိုင်းအကွာမှ စိမ့်စမ်းရေသွယ်ယူခြင်းနှင့်  အလျား  (၁၅)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၆)ပေရှိ  အုတ်ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှုအား    ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွန်း နှင့် ဝန်ထမ်းများက အောက်တိုဘာ ၁၉ ရက်နေ့က  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးရေး ကွင်းဆင်းစစ်ဆေးပြီး၊ လိုအပ်ချက်များအား သက်ဆိုင်ရာကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
                                                                                                         ဝေယံလင်း




 
Top