တာချီလိတ် ဇန်န၀ါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား
ကျေးရွာနေပြည်သူများကိုယ်တိုင် ရွေးချယ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၇ ရက်၊ နံနက်က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာ၌
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။ ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဦးဇော်မိုး က ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း ( VDP – Village
Development Programme ) ရေးဆွဲခြင်းလုပ်ငန်းဆိုင်ရာများကို
ရှင်းလင်း ပြောကြားပြီး၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့သင်း
နှင့် VDP တာဝန်ခံ ဦးသိုက်ထွန်းအေး တို့က ရပ်မိရပ်ဖအုပ်စု၊ လယ်သမားအုပ်စု၊ စိုက်ပျိုးမွေးမြူရေးမဟုတ်သော ၀င်ငွေရလုပ်ငန်းလုပ်ကိုင်သူများအုပ်စု၊
အမျိုးသမီး အုပ်စု၊ လူငယ်အုပ်စု စသည့် အုပ်စု(၅)အုပ်စုဖြင့် ဖွဲ့စည်းဆွေးနွေးကာ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဦးစားပေးလုပ်ငန်းများ
ရွေးချယ်သည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင်
ကျေးရွာနေပြည်သူများကိုယ်တိုင် အမှတ်ပေးစနစ်ဖြင့်
ရွေးချယ်ရာ၌ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း ကျေးရွာလမ်းအား အရှည်ပေ(၁၀၀၀) နှင့် အကျယ်(၁၂)ပေရှိ ကွန်ကရစ်လမ်း အဖြစ် ပထမဦးစားပေးအဆင့်မြှင့်တင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း
သိရသည်။
ဝေယံလင်း