တာချီလိတ် မေ ၎
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပ ပြုလုပ်သည့်  လူငယ်နှင့် အနာဂတ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့ မေလ ၄ ရက်နေ့၊ နံနက် ၉ နာရီက ပထမအကြိမ်အဖြစ် မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရ သည်။                                                                                                                      ရှေးဦးစွာ  ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာစကား ပြောကြားရာတွင်   ယခုလို ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများကို ဒီမိုကရေစီခေတ်တွင် အစိုးရနှင့်ပြည်သူများ အကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊  ပြည်သူတို့၏ ဘ၀ဖြတ်သန်းမှု အကြောင်းကိစ္စရပ်များ    ဆွေးနွေးပြောကြား နိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်၊ လူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မား လာစေရန်နှင့် အစုအဖွဲ့ အတွင်း   ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန် စသည့်  ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်  ကျင်းပခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍  ပြည်သူ့စကားဝိုင်းအား  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း က ဦးဆောင်ဆွေး နွေးကာ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း က  လူငယ်များ၏ အနာဂတ် ကောင်းမွန်ရေး ထားရှိသင့် သည့် စိတ်နေသဘောထားများ၊ လူငယ်များအတွက် ဆောင်ရွက်နေမှုများ နှင့်  ဆက်လက်ဆောင်ရွက်ရန်   အစီ အစဉ်များကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း က မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ပါ အကြောင်း အရာများနှင့် ဥပဒေအကြောင်းအရာသိကောင်းစရာများကိုလည်းကောင်း၊  မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာ မြင့်အောင် က ကောင်းမွန်သောအုပ်ချုပ်မှုစနစ် အကြောင်းအရာများနှင့် လူငယ်များ အောင်မြင် အောင် ကျင့်ကြံဆောင်ရွက်သင့်သည်များ ကိုလည်းကောင်း၊ ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး  က  ကျောင်းသားကျောင်းသူလူငယ်များ စွမ်းရည်မြှင့်မားရေး ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများကိုလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။                                    ထို့နောက် ပြည်သူ့စကားဝိုင်းသို့  တက်ရောက်လာသည့် လူငယ်လူရွယ်များ၊လူမှုရေးအသင်းအဖွဲ့များနှင့်
ပြည်သူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာဦးဆောင်ဆွေးနွေးသူများက  ပြန်လည်ရှင်းလင်းဆွေးနွေး
ခဲ့ကြောင်း သိရသည်။
                                                                                      ဝေယံလင်း
















 
Top