မိုင်းယောင်း နိုဝင်ဘာ
၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့ ၌ အသက်(၁၀)နှစ်ပြည့်ပြီး
နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား
ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး
သားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အထူးစီမံချက်(အပိုင်း-၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ
၁၆ ရက်၊ နံနက်ကအခြေခံပညာအထက်တန်းကျောင်းတွင်
ကျောင်းသား၊
ကျောင်းသူ(၂၁၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ
ပြုလုပ်ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် က အဖွင့်အမှာစကားပြောကြားပြီး ၊မြို့နယ်လူဝင်မှု
ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးဝင်းအောင် က
နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်းပြီး အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ(၂၁၂)ဦးအား
နိုင်ငံ သားစိစစ်ရေးကတ်ပြားများပေးအပ်ရာ
၊ ကျောင်းအုပ်ဆရာကြီး ဦးလူဇော်လွင်
က ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
စိုင်းဇော်လင်း(ပြန်/ဆက်)