တာချီလိတ် နိုဝင်ဘာ
၂၁
(၂၆)ကြိမ်မြောက်
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်
နှစ်ပတ် လည်နေ့ အခမ်းအနားကို
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၉နာရီက ကျင်းပရာ ရွှေတောင်တန်း နှင့် အောင်မင်္ဂလာပရဟိတဂေဟာမှ ကျောင်းသားကျောင်းသူလေး
များက “ တူညီပန်းတိုင်ဆီသို့” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ
ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး၊
ကမ္ဘာ့ကုလသမဂ္ဂ မှ ပေးပို့သော(၂၆)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့
သ၀ဏ်လွှာအား ဝေါလ်ဗီရှင်မြန်မာ(တာချီလိတ်)မှ ညှိနှိုင်းရေးမှူး ဦးပီတာဖိုး
က ဖတ်ကြားသည်။
ထို့နောက် တာချီလိတ်မြို့နှင့်တာလေမြို့တို့ရှိအခြေခံပညာအလယ်တန်းကျောင်း၊မူလတန်းကျောင်း
များမှ
ကျောင်းသားကျောင်းသူများ နှင့် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၊ မူလတန်း ကြိုကျောင်းများမှ ရင်သွေးငယ်များက တေးသရုပ်ဖော်အက၊ ပြဇာတ်များဖြင့်ဖျော်ဖြေရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့
ဥက္ကဋ္ဌ
ဒေါ်ဝင်းဝင်းသန့် ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်မြင့်
နှင့် တာဝန်ရှိသူများက
အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း