စေတီတော် ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာလောင်းလှူ
ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ
နံနက် ၅ နာရီ တွင် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်
နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D ဘဒ္ဒန္တဓမ္မသီရိ အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်ပူဇော်သည်။
ယင်းနောက် စေတီတော်ဓမ္မာရုံ၌ ဆရာတော်၊သံဃာတော်များအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင် နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းရာ ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး၊ အရံစေတီတော်များ အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်သည့် အလှူရှင်များကို နဂါးနှစ်ကောင်းကျောင်းတိုက် ဆရာတော် က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒ န္တအာဒိဒ္စ၀ံသာလင်္ကာရ က အလှူ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေသည်။
ဆက်လက်၍ စေတီတော်ရင်ပြင်၌ မြို့ပေါ်ရှိ
ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများမှ
ကြွရောက် တော်မူသည့် ဆရာတော်သံဃာတော်နှင့်
သီလရှင် စုစုပေါင်း အပါး (၄၀၀)ကျော်တို့အား ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ
များ၊တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ
နှင့်
တိုင်းရင်းသားပြည်သူများ၊ စေတနာရှင်အလှူရှင်
များက ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများကို
စည်ကားသိုက်မြိုက်စွာ စုပေါင်း လောင်းလှူ ခဲ့ကြောင်း သိရသည်။
ဝေယံလင်း