တာချီလိတ် ဇန်န၀ါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့ဖွံ့ဖြိုးတိုးတက်လာမှုနှင့်
အညီ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုမှ လျော့နည်းကာ
ယာဉ်အန္တရာယ်ကင်းရှင်းပြီး၊ သွားလာမှု
လွယ်ကူလျှင်မြန်စေရေး၊ မိုးတွင်းကာလ
ရေစီးရေလာ ကောင်းမွန်ရေး ၊ မြို့တွင်း
သန့်ရှင်းသာယာလှပရေး အတွက်
လမ်း၊
တံတားများတိုးချဲ့
ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း ၊
လမ်းဖြတ်ရေမြောင်းများနှင့် လမ်းဘေးဝဲ၊
ယာအုတ်စီရေနှုတ်မြောင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၅ - ၂၀၁၆
ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၂၀၀)ဖြင့်
ရွှေတိဂုံ ဘုရားလမ်းဘေး၊၀ဲယာ အရှည်ပေ(၁၅၀၀)၊
အကျယ်(၃)ပေ၊
ထု(၆)လက်မရှိ
ကွန်ကရစ်လမ်းတိုးချဲ့
ဆောင်ရွက်ခြင်း လုပ်ငန်း
၊ ငွေကျပ် (၁၈၇၃၃၀၀၀)ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟံသာဝတီ(၁)လမ်း အရှည်ပေ(၉၂၀)၊
အကျယ် (၁၂)ပေ၊
ထု (၉)လက်မ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ငွေကျပ်(၇၉၄၀၀၀၀)ဖြင့် ဟံသာဝတီ(၄)လမ်း
အရှည်ပေ (၃၉၀)၊
အကျယ် (၁၂)ပေ၊
ထု(၉)လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်း
နှင့်
ငွေကျပ်(၂၇၁၃၂၀၀၀)ဖြင့် အရှည်(၂၆)
ပေ၊ အကျယ်
(၁၈)ပေ၊
အမြင့် (၁၀)ပေ
ရှိ
ဆန်ဆိုင်းချောင်းကူးကွန်ကရစ်တံတားတည်ဆောက်နေမှုတို့ကို
ဇန်န၀ါရီ
၁၀ရက်၊ နံနက်က မြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ
ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်မိုးထွန်း၊ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစိုင်းဝန်းလှိုင်းတို့က သတ်မှတ်ကာလအတွင်း
စံချိန်စံညွှန်းအညီ ပြီးစီးရေး
ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
ဝေယံလင်း