တာချီလိတ် ဇန်န၀ါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
ကျိုင်းလပ်မြို့ ၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေး ရွာအနီး တွင် ငွေကျပ်သိန်း(၂၁၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့်
မော်တော် ယာဉ်နှစ်စီးအား ယနေ့ ဇန်န၀ါရီ ၁၃ ရက် ၊ နံနက် ၄ နာရီ က ဖမ်းဆီးရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊
တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၃၁၆)ခြေမြန်တပ်ရင်း ရှေ့တန်းတပ်စခန်းမှ တပ်ဖွဲ့ဝင်များ၊
စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များနှင့် သတင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ တာလေ-ကျိုင်းလပ် သွား ကားလမ်းပေါ်ရှိ နမ့်ကိုင်းကျေးရွာအနီးတွင် ကျိုင်းလပ်မြို့ ဘက်မှ တာလေမြို့ဘက်သို့
မောင်းနှင်လာသည့် VIGO တစ်ခန်းခွဲ အမျိုးအစား
အနက်ရောင် မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းနှင့်
ဘေးမှ လိုက်ပါလာသူတို့(၂)ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့်
အဆိုပါ ယာဉ်အား စစ်ဆေးခဲ့ရာ
ယာဉ်နောက်ခန်းအတွင်းမှ
ကဖင်း(၁)အိတ်လျှင် အလေးချိန်
(၂၅)ကီလိုခန့်စီပါ (၁၉)အိတ်၊ စုစုပေါင်းအလေးချိန်
(၄၇၅)ကီလို၊ ကာလတန်ဖိုး
ကျပ်သိန်းပေါင်း(၃၅၆.၂၅)သိန်း
ခန့် တွေ့ရှိသဖြင့် ကဖင်းများ ပိုင်ရှင်
(တိမ်းရှောင်)တရားခံများအား
မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၁၆၊
မူး/စိတ် ပုဒ်မ
၁၆(ခ) အရ အရေးယူဆောင်ရွက်ထားရှိသည်။
ဆက်လက်၍ နံနက် ၎
နာရီ မိနစ် ၄၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် အဆိုပါ နမ့်ကိုင်းကျေးရွာအနီးတွင် တာလေဘက်မှ
ကျိုင်းလပ်ဘက်သို့
လော်ရှီး(ကျား)မောင်းနှင်ပြီး လှဝင်း(ကျား)နှင့်
ရှီးမွန် (ကျား)တို့
လိုက်ပါလာသည့် Pajero IO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
ယာဉ်ရှေ့ခန်း
ခြေနင်းနေရာ၌
ဆာလာအိတ်ဖြင့် ထည့်ထားပြီး အ၀ါရောင် ရှမ်းစက္ကူဖြင့်
ထည့်လျက်
WY စာတမ်းပါ ပန်းရောင်
စိတ်ကြွဆေးပြား (၂၀၀၀)ပြားစီပါ (၃၅)ထုပ်၊ စုစုပေါင်းဆေးပြား (၇၀၀၀၀)ပြား၊ အလေးချိန်
(၇)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ် သိန်း(၁၇၅၀)ခန့်အား
တွေ့ရှိသဖြင့်
လော်ရှီး (၂၂)နှစ်၊ လှဝင်း (၃၉)နှစ်၊ ရှီးမွန် (၂၀)နှစ်တို့ (၃)ဦးအား မိုင်းပါလျှိုး နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၆၊
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရအရေးယူဆောင်ရွက် ထားရှိကြောင်းသိရသည်။
ဝေယံလင်း