မိုင်းဖြတ် ဇန်န၀ါရီ
၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ
အလုပ်အကိုင် အခွင့်အလမ်းတိုးပွားရရှိပြီး၊
မိသားစု ၀င်ငွေတိုးပွားစေရန်နှင့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်း များဖြင့် ရန်ပုံငွေ လည် ပတ်မှုရှိပြီး ကျေးရွာဖွံ့ဖြိုးရေးနှင့်
ကျေးရွာ၏ လိုအပ်ချက်များ၊အခက်အခဲများ
အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် ၂၀၁၅-၂၀၁၆
ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ
၁၂ ရက်၊
နံနက် ၁၀
နာရီခွဲက
ဟိုနား (စောမွန်)
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ
မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း
က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များနှင့် စည်းကမ်းများအားရှင်း
လင်းပြောကြားပြီး၊ မြို့နယ်ကော်မတီဝင် ဦးစိုင်းခမ်းကျန်
က ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှမ်း ဘာသာဖြင့်ရှင်းလင်းပြောကြားသည်။ ထို့နောက်
တက်ရောက်လာသည့်
မြစိမ်းရောင်စီမံကိန်းကျေးရွာ ရန်ပုံငွေကြီး
ကြပ်မှုကော်မတီများက
ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ အတိုးရရှိသည့်
ရန်ပုံငွေများဖြင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊
လိုအပ်ချက်များကို ဆွေးနွေးရာ မြို့နယ်ဦးစီးမှူး
နှင့် တာဝန်ရှိသူများက ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊
မြစိမ်း
ရောင်စီမံကိန်းကျေးရွာ(၂၀)မှ ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်ဘဏ္ဍာရေးဆပ်ကော်မတီဝင်
များတက်ရောက် ကြောင်းသိရသည်။
ရှောလမွန်(ပြန်/ဆက်)