တာချီလိတ် ဇန်န၀ါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြစိမ်းရောင်
ကျေးရွာစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဇန်န၀ါရီ ၁၄ ရက်၊
နံနက် ၁၀
နာရီက
အောင်မြတ်ခန်းမ၌
ကျင်းပပြုလုပ်ရာ
ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင်
က
အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် က အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက်
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်
၊ မြ စိမ်းရောင်
ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ
မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး၊ ကော်မတီ အဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေး
ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်း
တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တာချီလိတ်၊
တာလေ၊ ကျိုင်းလပ်မြို့များရှိ ကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များက
ချေးငွေ ထုတ်ပေးခြင်း
ဆိုင်ရာများ၊ အရင်းအတိုးပြန်လည်တောင်းခံ ခြင်း၊ ပြန်လည်ပေးသွင်းခြင်း အပေါ်
လျှောက်လွှာခေါ်ယူ ထပ်မံထုတ်ချေးခြင်း၊
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်
လုပ်ငန်းဆိုင်ရာများ၊
ငွေစာရင်း လချုပ်များပြုစုခြင်းဆိုင်ရာ များ၊
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများနှင့် သင်တန်းများဆောင် ရွက်ခြင်း စသည့်အကြောင်းအရာများအား
ကျေးရွာအလိုက်
တွေ့ကြုံမှုများကို
အသီးသီးသုံးသပ်အကြံပြု
ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ယခင်က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက်
မတည် ရင်နှီးငွေ မလုံလောက်သဖြင့် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း၊
ယခုအခါ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေ မှ
သက်သာ သည့်
အတိုးနှုန်းဖြင့်
ချေးယူရရှိသည့်အတွက် စိုက်ပျိုးရေး၊
မွေးမြူရေးလုပ်ငန်း များ
အဆင်ပြေချောမွေ့ကြောင်း၊ ထို့အတူ တစ်ပိုင်တစ်နိုင်
ရောင်းဝယ်မှုလုပ်ငန်းတွဲဖက်လုပ်ကိုင်နိုင်၍မိသားစု
ဝင်ငွေတိုးပွားရရှိကာ လူမှုရေး
လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်သဖြင့်
အကျိုးဖြစ်ထွန်းသည့် စီမံကိန်း လုပ်ငန်းဖြစ်ကြောင်း
ဖန်မင်ကျေးရွာအုပ်စု၊ စံပယ်-ဆန်နား
ကျေးရွာမှ ကော်မတီ
ဥက္ကဋ္ဌ
ဦးတင်လှ က ထည့်သွင်းဆွေးနွေးသည်။
တာချီလိတ်မြို့နယ်၌
၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်တွင်
မြစိမ်းရောင်ကျေးရွာ(၈)ရွာ၊
၂၀၁၅-၂၀၁၆
ဘဏ္ဍာ နှစ်တွင် မြစိမ်းရောင်ကျေးရွာ(၂၁)ရွာ စုစုပေါင်း ကျေးရွာ(၂၉)ရွာတွင်
ငွေကျပ်သိန်း(၆၃၀၀)ဖြင့်
မြစိမ်းရောင်
ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံလင်း