တာချီလိတ်   ဇန်န၀ါရီ   ၂၁
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် က  ကြီးမှူး၍  လူ့အခွင့်အရေးဆိုင်ရာ သိကောင်း စရာများ  ရှင်းလင်း ဆွေးနွေးခြင်းကို   ဇန်န၀ါရီ  ၂၀ ရက်၊ နံနက် ၉ နာရီက  တာချီလိတ်မြို့၊ အောင်မြတ် ခန်းမ၌    ကျင်းပပြု လုပ်ကြောင်း သိရသည်။
ရှေးဦးစွာ  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ ဒုတိယဥက္ကဋ္ဌ  ဦးစစ်မြိုင် က  လူ့အခွင့် အရေး ဆိုင်ရာ   အခြေခံအနှစ်သာရများ နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်း   ရှင်းလင်း   ဆွေးနွေးပြီး၊ အဖွဲ့ဝင်   ဒေါ်မြမြ က  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက် ချက်များ နှင့်   တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက  ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များနှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌကပြန်လည် ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့   ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး   ဦးအောင်သူလှိုင် ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး လှမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထွန်းဝင်းအောင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ   မြို့နယ်ဖွံ့ဖြိုး 
တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး   ကော်မတီ အဖွဲ့ဝင်များ၊   လူမှုရေး  အသင်းအဖွဲ့များ၊  ရပ်မိရပ်ဖများ နိုင်ငံရေးပါတီဝင်များတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များ   ၊မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ကြောင်းသိရသည်။
                                                                                      ဝေယံလင်း










 
Top