တာချီလိတ် ဇန်န၀ါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့
၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်းကာ မီးငြှိမ်း
သတ်မှုလက်တွေ့သရုပ်ပြခြင်းကို ဝမ်ကောင်းမြို့မ ဈေးသစ်ကြီးတွင် ဇန်နဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်မျိုးထွန်း
၊ အင်ဂျင်နီယာမှူး ဦးလှမျိုး၊
မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူတို့ ဦးဆောင်ပြီး မီးငြှိမ်းသတ်ယာဉ် (၄) စီး ၊ မီးသတ်စက်ယာဉ် (၁)စီး ၊ မီးသတ်ရေသယ်ယာဉ် (၁)စီးနှင့် သန္ဓေတပ်ဖွဲ့ဝင် (၂၃)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးတို့ဖြင့် ဈေးကြီးအား မီးသတ်ပိုက်ဖြင့် ရေဖျန်းပက်ငြှိမ်းသတ်ခြင်း၊မီးသတ်ဆေးဘူး
များ အသုံးပြုလေ့ကျင့် ခြင်း၊ အခိုင်အမာသော့ခတ်ထားသည့်
အခန်းအား သော့များဖြတ်တောက်ခြင်း ၊ အုတ်နံရံ အား စက်ဖြင့်ဖောက်ခြင်း ၊ ဝန်လေးဝန်ပိ အရာဝတ္ထုများအား
ဟိုက်ဒရောလစ်စနစ်ဖြင့် မတင်ဆွဲထုတ်ခြင်း ၊ တံခါး အပေါက်များအား ကိရိယာဖြင့်ချဲ့ပေးခြင်းနှင့်
ရှာဖွေကယ်ဆယ်ခြင်းများကို လက်တွေ့သရုပ်ပြ
ဆောင်ရွက်သည်။
အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ
နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာကော်မတီ အဖွဲ့ဝင်များ၊ ဈေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ၊ လူမှုရေးအသင်းအဖွဲ့များက
ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း