တာချီလိတ်
ဇန်န၀ါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး နှင့်
ကလေးခိုးယူသည့်
ကောလ ဟာလဖြစ်စဉ်များအပေါ် ရှင်းလင်းဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း က မှုခင်းကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့်
တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ၊ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကလေးခိုးယူသည့် ကောလဟာလသတင်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက သိလို သည်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိ သူ များက ပြန်လည်ရှင်းလင်း ဆွေးနွေး သည်။
အဆိုပါ အခမ်းအနားသို့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် တက္ကစီ များ ၊
လူမှုရေးအသင်းအဖွဲ့များ
စုစုပေါင်းအင်အား(၈၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း