တာချီလိတ်
ဇန်န၀ါရီ ၂၅
နိုင်ငံတော်အတွင်းရှိ
တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ၊ နိုင်ငံတော်ပိုင် ကုန်ထုတ် အရင်းအနှီးများ ၊ အဆောက်အဦများကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ သဘာဝအလျောက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို ပြည်သူလူထု၊ လူမှုအသိုက်အ၀န်းများနှင့် ပူးပေါင်းပြီး ကာကွယ်တားဆီး
စောင့်ရှောက်ရန် နှင့် နိုင်ငံတော်၏ အရန်အင်အား အဖြစ် လေ့ကျင့် ဖွဲ့စည်းတည်ဆောက်ရန် ဆိုသည့် မွန်မြတ်
မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့်
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဉ်
(၁/၂၀၁၆) ဖွင့်ပွဲကို ယနေ့ ဇန်န၀ါရီ
၂၅ ရက်၊ နံနက် ၉ နာရီ က တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနရုံးအပေါ်ထပ်ရှိ
ခန်းမဆောင်၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က
သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ခရိုင်ရဲ တပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လှမင်း
က မြို့နယ်အတွင်းရှိ
တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့ များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၉၉၀)ဦးအတွက် တူညီဝတ်စုံများကို ပေးအပ်ရာ အရန်မီးသတ် တပ်ဖွဲ့ဝင် များကိုယ်စား
ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ရယူသည်။
အဆိုပါ အကြိုအခြေခံမီးသတ်ပညာသင်တန်းအား
မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်မှ အရန်မီးသတ်တပ် ဖွဲ့ဝင်(၅၀)ဦးတက်ရောက်မည်ဖြစ်ကာ သင်တန်းကို
၂၅-၁-၂၀၁၆ရက်နေ့မှ ၅-၂-၂၀၁၆ရက်နေ့အထိ ဖွင့်လှစ်သွား မည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်နှင့်
မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး
ဦးစီးအရာရှိ ဦးကျော်သူ နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်
သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်းသိရသည်။
ဝေယံလင်း