တာချီလိတ် ဇန်န၀ါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု
ပန်းရံ ၊ လက်သမားလုပ်ငန်းသင်တန်းကို
ဇန်န၀ါရီ
၂၆ ရက်၊
နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲတွင်
ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း
က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများဖြစ်သည့်
ပန်းရံ
နှင့် လက်သမားလုပ်ငန်းဆိုင်ရာများကို
နည်းပြဆရာ ဦးတင်လှ ကရှင်းလင်းဆွေးနွေး ကာ
လက်တွေ့ပြသဆောင်ရွက်သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများတွင် ဖန်မင်ကျေးရွာအုပ်စုရှိ
စံပါယ်၊
ဆန်နား၊ ၀မ်ကော့ကျေးရွာများမှ သင်တန်းသား(၂၀)ဦးအား ၂၆-၁-၂၀၁၆ရက်နေ့မှ ၂၆-၂-၂၀၁၆
ရက်နေ့အထိတစ်လကြာပန်းရံ၊လက်သမားဆိုင်ရာအတတ်ပညာရပ်များကိုလက်တွေ့သင်ကြားပို့ချပေးသွား
မည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း