တာချီလိတ်
ဇန်န၀ါရီ ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းလှဝင်း သည်
ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထိုက်၊ကျိုင်းတုံ(ရုံးခွဲ)မှဒုတိယညွှန်ကြားရေးမှူး
ဦးလုကာ ၊
တာဝန်ရှိသူများနှင့်အတူ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ
နှင့် ရွှေရေကန် သွင်းကုန်၊ထုတ်ကုန် ကုမ္ပဏီလိမီတက် တို့ အကျိုးတူချုပ်ဆိုဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်ရှိ
မီနီ
မားကတ်ဆိုင်ခန်းများ၊
အဝေးပြေးယာဉ်ဂိတ်၊
နားနေဆောင်ဆောက်လုပ်သည့်
လုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှု အခြေအနေများကို ယနေ့
ဇန်န၀ါရီ
၃၀ ရက်၊ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင်
ရွှေရေကန်သွင်းကုန်ထုတ်ကုန်ကုမ္ပဏီလိမီတက် မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းနွမ်း ၊
မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
ဦးစိုင်းကျော်ဇံ နှင့်
အင်ဂျင်နီယာမှူး
ဦးလှမျိုး
တို့က လုပ်ငန်းကဏ္ဍအလိုက်
ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း
တင်ပြရာ ပြည်နယ်ဝန်ကြီးက စာချုပ်ပါသတ်မှတ်ချက်များအတိုင်း အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး ပေါင်းစပ်
ညှိနှိုင်းပေးသည်။
အဆိုပါ မီနီမားကတ်ဆိုင်ခန်းများ၊ အဝေးပြေးယာဉ်ဂိတ်နှင့် နားနေဆောင်
များတွင် အလျား(၉၀)ပေ၊ အနံ (၆၀)ပေရှိ RC သုံးထပ်
အဆင့်မြင့်မီနီမားကတ်အဆောက်အဦ တစ်လုံး၊ အလျား(၅၂)ပေ၊ အနံ(၃၅)ပေးရှိ RC သုံးထပ် လက်မှတ်အရောင်းစင်တာ အဆောက်အဦတစ်လုံး၊ အလျား(၄၅)ပေ၊ အနံ(၃၆)ပေရှိ RC
အမျိုးအစား
သုံးထပ်အဆောက်အဦ
တစ်လုံး၊ အလျား(၁၄၄)ပေ၊ အကျယ်(၄၅)ပေရှိ အဝေးပြေးယာဉ်ရပ်နားဆောင်တစ်ဆောင်၊ (၁၀)ပေပတ်လည် အကျယ်အ၀န်းရှိ လုံခြုံရေးအဆောက်အဦတစ်လုံး၊ အလျား(၃၅)ပေ၊အနံ(၁၅)ပေ၊အမြင့်(၁၀)ပေ ရှိ RC အမျိုးအစား
မြေအောက်မီးသတ်ရေလှောင်ကန် တစ်ခု၊
နေ့စဉ်
လူသုံးရာ
အသုံးပြုနိုင်သည့် မိလ္လာစစ်ကန်
နှင့် စုပ်ကန်တွဲ နှစ်လုံး၊
အရှည်(၃၄၃.၈)ပေ၊ အကျယ်(၂၀)ပေ၊ ထု(၆)လက်မ နှင့် အရှည်(၁၆၂.၈)ပေ ၊ အကျယ်
(၁၇)ပေ၊ ထု (၆)လက်မရှိ
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊
ဂိတ်ဝင်ပေါက်
၊ ဘေးဖက် အုတ်တံတိုင်းခြံစည်းရိုး လုပ်ငန်း
နှင့်
Security , Fire
brigate, Emergency power supply and
External Lighting for the whole compound စသည့်လုပ်ငန်းများအား
ငွေကျပ်သိန်း(၉၇၄၀)ဖြင့်
မြေဧရိယာ(၁.၂၆)ဧကအကျယ်အ၀န်း
တွင် အများပြည်သူသွားလာမှု ပိုမို
လျှင်မြန်လွယ်ကူ အဆင်ပြေရေး၊
လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးအတွက် ရည်ရွယ်ကာ
၇-၁၀-၂၀၁၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းများ
ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့်
မကြာမီဖွင့်လှစ်သွားမည်ဖြစ် ကြောင်း
သိရသည်။
ဝေယံလင်း