တာချီလိတ်
ဇန်န၀ါရီ ၃၁
စာပေဗဟုသုတ
ဥာဏ်အမြော်အမြင်များ တိုးတက်မြင့်မားလာသည်နှင့်အမျှ
အချင်းချင်း
ရိုင်းပင်း ညီညွတ်တဲ့ စိတ်ဓာတ်များ
ပေါက်ဖွားစေပြီး၊ တိုင်းချစ်၊
ပြည်ချစ်၊ မျိုးချစ်စိတ်များထူးခြားကောင်းမြတ်သည့်
လက္ခဏာအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန်နှင့်
လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မြို့နယ်စာရေးဆရာအသင်းက ကြီးမှူး၍ စာပေဟောပြောပွဲကို ဇန်န၀ါရီ ၃၀ ရက်၊ ည ၇ နာရီက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ ၌ ကျင်းပကြောင်းသိရသည်။
ဟောပြောပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားသည်။
ထို့နောက် စာရေးဆရာကြီးများဖြစ်သည့် ဆရာဟိန်းလတ် က “ ဘယ်လိုပြောင်းကြမလဲ ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာဖေမြင့် က “ စဉ်းစားခြင်း ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောသည်။
စာပေဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ စာပေမြတ်နိုးသူ
တိုင်းရင်းသားပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက တက်ရောက်နားထောင်မှတ်သားကြောင်းသိရသည်။
ဝေယံလင်း