တာချီလိတ် ဖေဖော်ဝါရီ
၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ
ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက်ဖွံ့ဖြိုးရေး ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွင်း ကျောင်းသားကျောင်းသူ
(၁၉၅၁)ဦးအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း၊ ဆရာ၊ဆရာမ များနှင့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို
ဇန်န၀ါရီ ၃၁ ရက် ၊ နံနက် ၇နာရီခွဲ က ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ
ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင်
တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၊ လက်ထောက်ဆရာတော် က အဖွင့်သြ၀ါဒ ကထာမြွက်ကြားပြီး၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
က ဓမ္မစကူးလ်ကျောင်းတော်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားတိုးတက် ဖွံ့ဖြိုးရေးအဖွဲ့မှ
တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့် က ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ
နှင့် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍
မြို့နယ်အတွင်းရှိ
ဓမ္မစကူးလ်ကျောင်း (၁၅) ကျောင်းမှ ကျောင်းသား ကျောင်းသူ
(၁၉၅၁) ဦး တို့အား
တာဝန်ရှိသူများက
သင်ယူပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်ပြီး၊ ဆရာ၊ဆရာမ (၁၉၀)ဦးနှင့်စေတနာ ရှင်အလှူရှင်များအား
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျောင်းသားကျောင်းသူများက
တေးသရုပ် ဖော်အက များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း