တာချီလိတ်
ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာန က ကြီးမှူး၍ မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် လုပ်ငန်းများ အောင် မြင်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သော
အရန်မီးသတ်
တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာ သင်တန်း အမှတ်စဉ်(၁/၂၀၁၆)သင်တန်းဆင်းပွဲကို
ယနေ့
ဖေဖော်ဝါရီ ၅ရက်၊
နံနက် ၉ နာရီက
အဆိုပါရုံး
အပေါ်ထပ်ရှိ
သင်တန်းခန်းမ၌
ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က
သင်တန်းဆင်း အမှာ စကား
ပြောကြားသည်။
ထို့နောက်
သင်တန်းတွင်
ထူးချွန်ဆုရရှိသူများအား
ခရိုင်အုပ်ချုပ်ရေးမှူး
နှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့်ကာ
မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ
သင်တန်းသားများကိုယ်စား အရန်မီးသတ် တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း က လက်ခံရယူသည်။
အဆိုပါ
အကြိုအခြေခံမီးသတ်ပညာသင်တန်းအား ၂၅-၁-၂၀၁၆ ရက်နေ့မှ ၅-၂-၂၀၁၆ ရက်နေ့အထိ
ဖွင့်လှစ်ခဲ့ပြီး၊ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်
ခဲ့ကြောင်းသိရသည်။
ဝေယံလင်း