တာချီလိတ်
ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ကျေးလက်နေ ပြည်သူများ၏
အလုပ်အကိုင်အခွင့်အလမ်း
တိုးတက်ရရှိပြီး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေကြေးထိန်းသိမ်းကြီး ကြပ်မှု စနစ်တကျရှိစေရေး ရည်ရွယ်လျက်
မြစိမ်းရောင်ကျေးရွာစီမံကိန်းသင်တန်း (၁/၂၀၁၆)
သင်တန်း ဖွင့်ပွဲကို ဖေဖော်ဝါရီ
၅
ရက်၊ နံနက်
၁၀
နာရီက မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ရုံး သင်တန်း ခန်းမဆောင်တွင် ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ရုံးခွဲဦးစီးမှူး ဦးမျိုးအောင် က
သင်တန်း
ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍
အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်
ခရိုင်ဦးစီးမှူး ဦးအောင်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် နှင့်
ဝန်ထမ်းများက သင်တန်းအား ဆက်လက် သင်ကြား ပို့ချသည်။
အဆိုပါသင်တန်းသို့
မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂၁)ရွာမှ
သင်တန်းသား၊
သင်တန်းသူ (၁၄၇)ဦး တက် ရောက်ပြီး၊ သင်တန်းအား ဖေဖော်ဝါရီ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း