®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
တာချီလိတ် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအား တာချီလိတ်မြို့
ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်ကြီး
မဟာဂ န္ထ၀ါစကပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒ န္တ၀ိရောစန ကြီးမှူးဦးဆောင်၍ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အန န္တဂုဏ်ရည်ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ
ဦးအောင်ဖြိုးရှိန် နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊
ထိုင်းနိုင်ငံမှ အလှူရှင်များ
လှူဒါန်းထား သည့် ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများ နှင့် အ၀တ်အထည် အသုံးအဆောင်
ပစ္စည်းများ အား သွားရောက် လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူ (၂၀၀၅)ဦး နှင့် အိမ်ထောင်စု(၃၀၀)အတွက်
အ၀တ်အထည်များ ၊ စောင်၊ စားသောက်ဖွယ်ရာများ၊အသုံးအဆောင် ပစ္စည်းများ၊ ဆေးမျိုးစုံ (၁၅)ဖာအပါအ၀င် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်နှင့်
အလှူရှင်များက လည်းကောင်း၊ ဦးအုန်းပွင့် နှင့် ဇနီး ဒေါ်တင်မေထွန်း မိသားစု က အလှူငွေကျပ်(၂)သိန်း၊ ဦးထွန်းနေဦး နှင့် ဇနီး
ဒေါ်ခင်ချိုချို မိသားစု က အလှူငွေကျပ်(၅)သိန်း၊ ဦးမြင့်ဦး နှင့် ဇနီး ဒေါ်နန်းသောင်း မိသားစု က အလှူငွေထိုင်း ဘတ်
(၄၀၀၀)၊ ဦးအောင်ဖြိုးရှိန် မိသားစုက အလှူငွေကျပ်(၂)သိန်း၊ ဦးတိုးလှိုင်(လက်ထောက်ညွှန်ကြားရေးမှူး) မိသားစု၊ ပြည်တွင်းအခွန်များဦးစီးဌာန
က အလှူငွေကျပ်(၁)သိန်း၊ ဦးဇေယျာအောင် နှင့်အဖွဲ့က အလှူငွေကျပ် (၁)သိန်း၊ ဦးအားတိတ် နှင့် ဇနီး ဒေါ်နန်းတစ် မိသားစု(ပွိုင့်ကားပစ္စည်းဆိုင်)က အလှူငွေထိုင်းဘတ် (၃၀၀၀) တို့ကို လာရောက်လှူဒါန်းလျက်ရှိသည်။
အဆိုပါလှူဒါန်းလာသည့် ထောက်ပံ့ငွေများနှင့် ပစ္စည်းများအား ဖေဖော်ဝါရီလ (၈)ရက်နေ့မှ စတင်ပြီး နမ့်ဆန်မြို့သို့ သွားရောက်ကာ မီးဘေးသင့်ပြည်သူများထံ ပထမအကြိမ်အဖြစ်
လက်ဝယ်အရောက် လှူဒါန်း သွားမည်ဖြစ်ပြီး၊
ဆက်လက်လှူဒါန်းရရှိမှုများအား
လပွတ္တာမြို့ရှိ မီးဘေးသင့်ပြည်သူများပါ သွားရောက်လှူဒါန်း မှာ ဖြစ်ကြောင်းသိရသည်။