တာချီလိတ်
ဖေဖော်ဝါရီ ၇
(၆၉)နှစ်မြောက်
ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်
အခမ်းအနားကို ယနေ့
ဖေဖော်ဝါရီ ၇
ရက်၊ နံနက်၉နာရီ
က တာချီလိတ်မြို့ ၊
အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ၀င်များ၊
မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့်
အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆရာ၊
ဆရာမများ၊ ကျောင်းသား
ကျောင်းသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များ
နှင့် ပြည်သူများ
စည်ကားသိုက်မြိုက်စွာ တက်ရောက်သည်။
အခမ်းအနားတွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ (၆၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့
ပေးပို့သော သ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ဖတ်ကြားသည်။ ထို့နောက်
ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ
သမိုင်းကြောင်းအား ရှမ်းတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီဝင်
ဒေါ်နန်းစံဖူးလောဝ် က ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရသည်။
ဝေယံလင်း