တာချီလိတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအား တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် မဟာဂန္ထ၀ါစက
ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒ န္တ၀ိရောစန ကြီးမှူးဦးဆောင်၍ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဌာနဆိုင်ရာများ၊ အန န္တဂုဏ်ရည်ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ
ဦးအောင်ဖြိုးရှိန် နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊
ထိုင်းနိုင်ငံမှ အလှူရှင်များ
လှူဒါန်းထား သည့် ငွေကျပ်သိန်း(၄၀၀)ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်နှင့် အသုံးအဆောင်
ပစ္စည်းများအား ယနေ့ ဖေဖော်ဝါရီ
၈ ရက်၊ နံနက် ၈ နာရီ က မော်တော်ယာဉ်များဖြင့် ပထမအကြိမ်သွားရောက် လှူဒါန်းကြောင်းသိရသည်။
ယင်းသို့
သွားရောက်လှူဒါန်းရာတွင် နမ့်ဆန်မြို့ရှိ မီးဘေးသင့် ပြည်သူများအတွက် ဆန်အိတ် (၂၅)အိတ်၊ စားဆီ(၁၅)ပုံး၊
မားမားခေါက်ဆွဲ၊ ငါးသေတ္တာ စသည့်
စားသောက်ဖွယ်ရာများ ၊ အမျိုးသား၊ အမျိုးသမီးဝတ် နှင့် ကလေးဝတ် အ၀တ်အထည်များ ၊ စောင်၊ ခေါင်းအုံး ၊ ကြွေပန်းကန်ပြား အရွယ်စုံ၊
ရေပုံး၊ ရေခွက်၊ ဆပ်ပြာ ၊ ခေါင်းလျှော်ရည် စသည့် အသုံးအဆောင် ပစ္စည်းများ နှင့် ဆေးမျိုးစုံ (၁၅)ဖာ အပါအ၀င် စုစုပေါင်း ပစ္စည်း(၃၈)မျိုးပါဝင်ပြီး၊
တန်ဖိုးအားဖြင့် ငွေကျပ်သိန်း (၄၀၀)
ကျော်တန်ဖိုးရှိကာ၊ အလှူရှင်များမှ
လှူဒါန်းထား သည့် အလှူငွေများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း
သိရသည်။
ဝေယံလင်း