တာချီလိတ်  ဖေဖော်ဝါရီ    
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌   ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအား လူထုထောက်ခံကြိုဆိုပွဲ  အခမ်းအနားကို   ဖေဖော်ဝါရီ ၉ ရက်၊ နံနက်  နာရီက ကျင်းပသည်။
          ရှေးဦးစွာ    ဌာနဆိုင်ရာများ   ရှမ်း ၊ အာခါ လာဟူ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ မြို့ပေါ်ရပ်ကွက် ( ၁၁) ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိကျေးရွာများမှ တိုင်းရင်းသားပြည်သူ ( ၂၀၀၀) ကျော်တို့ကပထမအကြိမ် 
 ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအောင်မြင်စွာ ကျင်းပ ပြီးစီးခြင်းကိုဂုဏ်ပြု ကြေငြာခြင်း၊  ပြည်ထောင်စု 
 ငြိမ်းချမ်းရေးကို လိုလားပါသည်၊          ပြည်ထောင်စု  ငြိမ်းချမ်းရေး ညီလာခံကို ဂုဏ်ပြုထောက်ခံပါသည်၊ 
  လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေလိုပါသည် စသည့် ဗီနိုင်းပိုစတာများနှင့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ပြီး    ပြည်ထောင်စုငြိမ်းချမ်းမှု ခိုင်မာစေရေး   ဒို့အရေး၊    လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး 
 ဒို့အရေး နိုင်ငံရေးပဋိပက္ခ ချုပ်ငြိမ်းရေး ဒို့အရေး   ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး   ဒို့အရေး   နိုင်ငံတော်၏   ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်ရမည်    အောင်ရမည်  စသည့်   ကြွေးကြော်သံများဖြင့်   ဆန်ဆိုင်း()ရပ်ကွက်၊  ရှမ်းရိုးမကွင်းမှ   ဗိုလ်ချုပ်လမ်းမအတိုင်း   အောင်မြတ်ခန်းမ သို့  စုပေါင်းချီတက် ကြသည်။
ဆက်လက်၍  အောင်မြတ်ခန်းမတွင်  ထောက်ခံကြိုဆိုပွဲ အခမ်းအနားကျင်းပရာ   မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီမှ   အဖွဲဝင်  ဦးစိုင်းလုံမား  က  သဘာပတိအဖြစ် ဆောင်ရွက်ပြီး  အမှာစကားပြောကြား သည်။    ထို့နောက် ကယန်းတိုင်းရင်းသူ  ဒေါ်ဧရာဝတီထွန်း က   ပထမအကြိမ်   ပြည်ထောင်စုငြိမ်းချမ်းရေး  ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအပေါ် ထောက်ခံသည့်  အဆိုတင် သွင်းရာ  ရှမ်းတိုင်းရင်းသား  ဦးစိုင်းဆွန်ဝန်း(ခေါ်)ဦးစိုင်းမိုင်  က ထောက်ခံကြောင်း ဆွေးနွေးပြောကြားပြီး၊ သဘာပတိ   က  အခမ်းအနားတက်ရောက်လာသူများ ထောက်ခံသဘောတူညီခြင်းကိုရယူတောင်းခံခဲ့ရာ 
     တက်ရောက်လာသူများက       တစ်ခဲနက် ထောက်ခံခဲ့ကြပြီး အခမ်းအနားကို နံနက် ၇ နာရီခွဲတွင် 
 ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

                                                                                                          ဝေယံလင်း












 
Top