တာချီလိတ်  ဖေဖော်ဝါရီ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ၊ သွားလာမှု   လွယ်ကူ အဆင် ပြေချောမွေ့ရေး  ဖွဲ့စည်းထားရှိသည့်  လူမှုကူညီရေးအသင်း  ရွှေတာချီခရီးသွားလုပ်ငန်း၏စတုတ္ထ အကြိမ်မြောက် အသင်းသားများ တွေ့ဆုံပွဲကို   ဖေဖော်ဝါရီ  ၈ ရက်၊  နံနက်  ၉နာရီကအောင်မြတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
           ရှေးဦးစွာ   ခရိုင်အုပ်ချုပ်းရေးမှူး ဦးတင်ဝင်းရွှေကအဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး  က   ဆိုင်ကယ်တက္ကစီ များ   မှုခင်းများတွင် ကူညီဆောင်ရွက်ပေးမှုများနှင့် တရားဥပဒေ စိုးမိုး ရေးဆိုင်ရာများကိုလည်းကောင်း၊     လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့၊     တပ်ဖွဲ့စိတ်() တာချီလိတ် မှ  ရဲမှူး ယဉ်ယဉ်အေး က   လူကုန်ကူးမှုဆိုင်ရာများ ကိုလည်းကောင်း အသိပညာပေးရှင်းလင်း   ဟောပြောသည်။
          ယင်းနောက် အသင်းမှ  မြို့နယ်အတွင်းကျင်းပလျက်ရှိသည့် တရားပွဲဖြစ်မြောက်ရေးကော်မတီသို့    အလှူ ငွေကျပ်(၁၅)သိန်း နှင့် ဇီဝကအခမဲ့ဆေးကုခန်းသို့အလှူငွေကျပ်(၁၀)သိန်းအား ပေးအပ်လှူဒါန်းပြီး၊ 
အသင်းသား တစ်ဦးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားသို့   ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊         အသင်းနာယကဖြစ်သည့်    ဦးအာဇီး၊ ဦးဘိုလေး၊ ဦးထွန်းနေဦး၊   အသင်း ဥက္ကဋ္ဌ  ဦးစိုင်းကျော်ဇံ၊ အတွင်းရေးမှူး  ဦးဘိုစံ ၊ ကော်မတီဝင်များ နှင့်    အသင်း သားများ စုစုပေါင်း အင်အား (၆၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
                                                                                       ဝေယံလင်း







 
Top