တာချီလိတ် ဖေဖော်ဝါရီ ၁၀
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်တာချီလိတ်မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကျပ်
သိန်း(၂၇၇၀) ကျော်ဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းကိုးကျေးရွာအုပ်စုရှိ ဆီလီငေါက် - မောတွီ ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊
နံနက်၁၀နာရီက အဆိုပါ လမ်းသစ်မုဒ်ဦးရှေ့၌
ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်(ရုံးခွဲ)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ပြည်နယ်ရုံးခွဲဦးစီးမှူး
ဦးမျိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင် ၊
ခရိုင် နှင့် မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုေ ကာ် မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊
ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်ပြည်သူများတက်ရောက်သည်။
ရှေးဦးစွာ
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် က လမ်းသစ်နှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြပြီး၊
ကျေးရွာ
အာခါတိုင်းရင်းသား ဦးပေတလု က ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း က ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များအား ခရိုင်အုပ်ချုပ်ရေးမှူး
နှင့်တာဝန်ရှိသူများထံပေး
အပ်သည်။
ထို့နောက်
လမ်းသစ်အား
ပြည်နယ်ရုံးခွဲဦးစီးမှူး
ဦးမျိုးအောင် ၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ လမ်းသစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆီလီငေါ့ -
မောတွီ ကျောက်ချောလမ်းသစ်မှာ အရှည် (၅)မိုင်ရှိပြီး ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၂၇၇၀)ကျော်ဖြင့် ဆောင်ရွက်
ခဲ့ခြင်းဖြစ်ကာ
မိုင်းကိုးကျေးရွာ အုပ်စုမှ ရှမ်း၊ အာခါ၊
လားဟူတိုင်းရင်းသားများ
နေထိုင်သည့် ကျေးရွာ (၂၂ ) ရွာရှိ အိမ်ခြေ (
၁၆၄၇)အိမ် ၊ လူဦးရေ(၆၈၉၇)ဦးကျော်အတွက်
သွားလာမှုလွယ်ကူ လျင်မြန်ချောမွေ့စေပြီး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူဖြစ်စေမှာဖြစ်ကြောင်းသိရသည်။
ဝေယံလင်း