တာချီလိတ် ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် (၆၉)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို
အောင်မြတ်
ခန်းမ၌ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
ဇော်မင်းထွန်း၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင်၊
ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်
ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ ၀င်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဋ္ဌ
နှင့်အဖွဲ့ဝင် များ၊တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊
လူမှုရေး
အသင်းအဖွဲ့များ၊နိုင်ငံရေးပါတီများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
တိုင်းရင်း သားပြည်သူများစည်ကားသိုက်မြိုက်စွာ
တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်
သမ္မတ
ဦးသိန်းစိန်
ထံမှ (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က ဖတ်ကြားသည်။ ထို့နောက် မြို့ပြည်သူလူထုက ရွေးချယ် ချီးမြှင့်သည့် မြို့ဂုဏ်ရည်ဆုရရှိသူ ခရိုင်အုပ်ချုပ်ရေးမှူး အား မြို့မိမြို့ဖ ဦးမြင့်ဦး က ဂုဏ်ပြုလက်မှတ်၊ ဆုတံဆိပ်နှင့်
ဂုဏ်ပြုဆုငွေကျပ်ဆယ်သိန်းကို ချီးမြှင့်ပေးပြီး၊ မြို့ဂုဏ်ရည်ဆု ရွေးချယ်ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍
မဇ္ဈိမလူမှုကူညီရေးအသင်း
ဥက္ကဋ္ဌ
ဦးတင့်ဆွေ က
ရှင်းလင်းပြောကြားသည်။
ထို့နောက် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူ များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး၊ ရှမ်း၊ အာခါ ၊ လီဆူ တိုင်းရင်းသားများက ရိုးရာတေး သရုပ်ဖော် အကများဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း