တာချီလိတ် ဖေဖော်ဝါရီ
၁၃
သဘာဝကြောင့်ဖြစ်စေ၊လူသားများ၏ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မျှော်လင့်မထားသည့် ဘေးအန္တရာယ်
များနှင့်
ကြုံတွေ့လာပါက
မိမိပိုင်ဆိုင်သည့်
အသက်ခန္ဓာ ၊
ငွေကြေးဥစ္စာများ၊ အဆောက်အဦ၊
မော်တော်ယာဉ်
စသည့် ပစ္စည်းများအားလုံး ဆုံးရှုံးမှုမရှိစေရေးအတွက်
ငွေကြေးတစ်ရပ်ဖြင့် အကာအကွယ်ရယူထားရှိကာ မူလအခြေအနေ
သို့
ပြန်လည်ရရှိစေရေး
တာဝန်ယူဆောင်ပေးခြင်း ဟူသည့် အာမခံလုပ်ငန်းဆိုင်ရာ
သိကောင်းစရာများ ရှင်းလင်း
ဆွေးနွေးပွဲကို
ဖေဖော်ဝါရီ ၁၂
ရက်၊ မွန်းလွဲ
ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အစည်းအဝေး ခန်းမ၌
ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ၊
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းဝင်းအောင် က
အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြန်မာ့အာမခံလုပ်ငန်း
၊ ခရိုင်တာဝန်ခံ ဦးအောင်ဟိန်းကျော်
က အာမခံလုပ်ငန်း ဖြစ်သည့် အသက်အာမခံ
တွင် ပြည်သူပြည်သားအသက်အာမခံ၊ စုပေါင်းအသက်အာမခံများ၏ ပရိမီယံနှုန်း၊အကျိုး ခံစားခွင့်များ၊
သူတစ်ပါး ထိခိုက်မှုအာမခံ (အလုံးစုံမော်တော်ယာဉ်အာမခံ)တွင် အာမခံထားနိုင်သောယာဉ် အမျိုး
အစားများ(ကိုယ်ပိုင်၊
အငှား၊ အိမ်သုံး၊
လုပ်ငန်းသုံး၊ ဆောက်လုပ်ရေးသုံး)မော်တော်ယာဉ်များ၏ အာမခံသက်တမ်း၊
ပရီမီယံနှုန်း၊ အကျိုးခံစားခွင့်နှင့် အပိုအကာအကွယ်ဆိုင်ရာများ၊ မီးအားမခံတွင် ရွှေ့ပြောင်းနိုင်သော
ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၏
ပရီမီယံနှုန်း ၊
သာမာန်အကာအကွယ် နှင့်
ထပ်မံဝယ်ယူနိုင်သော အပို
အကာအကွယ်များ၊ အာမခံထား
နိုင်သည့် သက်တမ်း၊
လျော်ကြေးမဲ့ဆု၊ ရေကြောင်းကုန်ပစ္စည်း အာမခံ ဆိုင်ရာများ၊
အထွေထွေအာမခံဆိုင်ရာများကို အကျယ်တ၀င့်
ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြန်မာ့စီးပွားရေးဘဏ်မှ
ခရိုင်မန်နေဂျာ နှင့်
ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး တို့ က အာမခံလုပ်ငန်းဆိုင်ရာများကို အကြံပြု ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊စီးပွားရေး လုပ်ငန်းရှင်များ ၊ သတ္တုလုပ်ငန်းရှင်များအသင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်
စည်ပင်သာယာရေးကော်မတီ တို့က သိရှိဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များ၊ အကျိုးအမြတ်များအား
မေးမြန်းဆွေး နွေးရာ မြန်မာ့အာမခံလုပ်ငန်း၊
ခရိုင်တာဝန်ခံ က ၀န်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်
ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း