တာချီလိတ်  ဖေဖော်ဝါရီ  ၁၃
          အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း၏  (၁၀၁)နှစ်ပြည့် မွေးနေ့အခမ်းအနားကို  ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် က  တာချီလိတ်မြို့ ဆန်ဆိုင်း()ရပ်ကွက်ရှိ  မိုးလုံလေလုံ အားကစားရုံ ကျင်းပရာ    ဗိုလ်ချုပ် ချစ်မြတ်နိုးသူများက  အောင်ဆန်းဇာနည်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြောင်းသိရသည်။
          ရှေးဦးစွာ  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးတင့်ဆွေ က   ကျောင်းသားလူငယ်ထု ရင်ထဲတွင် ဗိုလ်ချုပ် စိတ်ဓာတ် အစဉ်ကိန်းအောင်းနိုးကြား အတုယူနိုင်စေရန် နှင့် အစဉ်အလာမပျက်  မွေးနေ့ကျင်းပနိုင်
ရန်ရည်ရွယ်လျက်  အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ရွှေမဟာ ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး  ဦးခင်မောင်မြင့် က ဗိုလ်ချုပ်နှင့်စပ်လျဉ်းသည့်သိကောင်းစရာများကို 
 ရှင်းလင်းပြောကြားသည်။
          ထို့နောက်    ဗိုလ်ချုပ် ၏ စိတ်ဓာတ် အကြောင်းအရာများအား  ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရာ  အခြေခံပညာမူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ပြီး၊ ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက  ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အား အသီးသီးချီးမြှင့် ပေးသည်။  ယင်းနောက်  အောင်ဆန်းစိတ်ဓာတ်အမွေ၊ လွတ်လပ်ရေး မီးရှူးတန်ဆောင် ၊ အာရှသူရဲကောင်းတေးသီ ချင်းများဖြင့် သီဆုဖျော်ဖြေကာ  ကျောင်းသားတစ်ဦးက  ဗိုလ်ချုပ်မိန့်ခွန်းအား ပြောကြားသည်။
          ဆက်လက်၍   ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း မှ နမ့်ဆန်မြို့ မီးဘေး သင့်ပြည်သူများအတွက် အလှူငွေကျပ်()သိန်း ၊ ကျောင်းသုံးဗလာစာအုပ်(၈၂)ဒါဇင် နှင့်လူငယ်ကွန်ယက်မှ
 ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၂၀)တို့ကို  လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
                                                      သတင်း- ဝေယံလင်း၊ ဓာတ်ပုံ - ယာဆေး၊ ဇောင်းညီ
























 
Top