တာချီလိတ် ဖေဖော်ဝါရီ ၁၅
Miss
East Shan State Organization က
ကြီးမှူးကျင်းပသည့်
Miss Tachileik 2016 Top Ten Finalist ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၇ နာရီ က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက် တရုတ်
ဘုံကျောင်း မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ Miss
East Shan State Organization မှ ဒုတိယဥက္ကဋ္ဌ ၊ တာချီလိတ်
City director ဒေါ်ကြည်ကြည်ခိုင်
က ပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ပြိုင်ပွဲဝင်အလှမယ် များက အကအလှများနှင့်ဖျော်ဖြေကာ တစ်ဦးချင်းမိတ်ဆက်ပေးသည်။ထို့နောက်တိုင်းရင်းသား အကများ၊ တေးသီချင်းများဖြင့်
ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် Top
Ten Finalist နှင့် Top 5 ရွေးချယ်ခြင်းများဆောင်ရွက်ပြီး၊ Miss Tachileik
2016 အဖြစ် ခါးနံပါတ်(၁) အသက် (၁၈)နှစ်ရှိ
တုနိုင်းစံ က
လည်းကောင်း၊ 1st runner up အဖြစ် ခါးနံပါတ်(၁၀) အသက်(၂၁)နှစ်ရှိ
နန်းဆီဝမ်းမား က လည်းကောင်း၊ 2nd runner up အဖြစ်
ခါးနံပါတ်(၄) အသက်(၁၇)နှစ်ရှိ အိမ့်စန္ဒီချစ်သိန်း က လည်းကောင်း၊
Miss People's Choice အဖြစ်
ခါးနံပါတ်(၉) အသက်(၁၈)နှစ်ရှိ သဲသူရိန်ဖွေး ကလည်းကောင်း အသီးသီးရရှိကြောင်း သိရသည်။
ဝေယံလင်း