တာချီလိတ် ဖေဖော်ဝါရီ
၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား
ရွေးကောက်ပွဲ ဥပဒေ၊
နည်းဥပဒေများနှင့်အညီ လွတ်လပ်၍
တရားမျှတသော
ရွေးကောက်ပွဲဖြစ်စေရေး
စိတ်အားထက်သန်စွာ ပါဝင်ကြီးကြပ်ဆောင်ရွက်ပေး ခဲ့သည့် မဲရုံမှူးများ၊
ဒုမဲရုံမှူးများ နှင့်
မဲရုံအဖွဲ့ဝင်များအား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲကို ယနေ့ ဖေဖော်ဝါရီ
၁၈ ရက်၊ နံနက်
၁၀ နာရီက
တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ် ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာ
စကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း
က ရွေးကောက်ပွဲလုပ်ငန်းများတွင်
စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက်
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်၊
အတွင်းရေးမှူး
ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်
နှင့် တာဝန်ရှိသူများက မဲရုံမှူး၊
ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် က
ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာများကို
ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း