တာချီလိတ် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ပါခုတ်ကျေးရွာ ပူးပေါင်း စစ်ဆေးရေး စခန်း၌ ငွေကျပ်သန်းပေါင်း(၁၅၇၅၀)တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား (၆၃)သိန်းပြားခန့် အား ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊
နံနက် ၁၀
နာရီ ခွဲက ဖမ်းဆီးရမိကြောင်း
သိရှိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်
ရဲဝင်းထွန်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီး
ဖြိုးကျော်လှိုင် ဦးစီးအဖွဲ့၊
ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် အေးလွင် ဦးစီးအဖွဲ့၊ ၀မ်ပုံနယ်မြေရဲစခန်းမှ
ရဲအုပ်
ချမ်းသာ
ဦးစီးအဖွဲ့၊ စရဖ(တသခ)စု-၂
မှ တပ်ကြပ်ကြီး
ရဲလင်းအောင်
၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနမှ ဒုတိယလ၀ကမှူး သန့်လွင်မောင်
နှင့် ပါခုတ်ပြည်သူ့စစ်အဖွဲ့တို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊
မိုင်းဖုန်း(ခ)
ကျေးရွာအုပ်စု၊ ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်းတွင်
တာချီလိတ်မြို့ဘက်မှ
ဝမ်ပုံ ဘက်သို့ အိုက်ကျွမ် (ကျား)
မောင်းနှင်လာပြီး၊ အိုက်ကစ်(ကျား)
လိုက်ပါလာသည့် MDY – 6G 1460 နံပါတ်ပါ SKAT (၆)ဘီး
ယာဉ်အမျိုးအစား အပြာရောင်
မော်တော်ယာဉ် အား သဲကျောက်တင်ဆောင်မောင်းနှင်လာစဉ် ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင် တင်ဆောင်လာသည့်
သဲကျောက်များအောက်ရှိ ကြမ်းခင်း၌
နှစ်ထပ်အံဝှက်အတွင်းမှ
အစိမ်းရောင်
ကျော်ပိုးအိတ်များဖြင့် ထည့်လျက် ကျော်ပိုအိတ်တစ်လုံးလျှင် စိတ်ကြွ
ဆေးပြား (၆၀၀၀)ပြားစီပါ (၃၀)ထုပ်၊
ဆေးပြား(၁၈၀၀၀၀)ပြားခန့်
၊ ယင်းကဲ့သို့ ကျောပိုးအိတ်ပေါင်း (၃၅)လုံး
၊ စုစုပေါင်း
စိတ်ကြွဆေးပြား (၆၃၀၀၀၀၀)ပြား၊ အလေးချိန်(၆၃၀)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ်သန်းပေါင်း
(၁၅၇၅၀)သန်းခန့်
နှင့်
မိုလ်ဘိုင်းဖုန်း(၅)လုံး
နှင့်အတူ
သိမ်းဆည်းရမိသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ
ဖမ်းဆီးရမိသူ
အိုက်ကျွမ် နှင့်
အိုက်ကစ် တို့နှစ်ဦးအား ၀မ်ပုံနယ်မြေ
ရဲစခန်းမှ မယ(ပ)၃/၂၀၁၆၊
မူး/စိတ်ပုဒ်မ
၁၅/၁၉(က)/၂၁
အရ
အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိကြောင်း
သိရှိ ရသည်။
ဝေယံလင်း