တာချီလိတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့တွင်
စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက်
စာကြည့်တိုက်
ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊
နံနက် ၉
နာရီခွဲကခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရ သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ
အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ တင်ရေး ဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး
ဦးထွန်းသိန်း က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်
ခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး
က
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စာကြည့်တိုက်များ
ရှင်သန်ရေး ရှင်းလင်းပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်-
၃
ဦးမြသိန်း က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲမှု
စနစ်တကျရှိရေး လက်တွေ့
ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့
ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများ၊
သုတ-ဒါန အသိပညာ
ဖွံ့ဖြိုးရေးအဖွဲ့အစည်း၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး (ASG)အဖွဲ့များ က
အုပ်စုဖွဲ့၍ ဆွေးနွေးခြင်း၊ တစ်ဦးချင်းဆွေးနွေးခြင်း၊
အပြန်အလှန်ဆွေးနွေးခြင်း များ
ဖြင့်
ဆောင်ရွက်ရမည့် နည်းလမ်းများ
သိရှိရန်
အသီးသီးဆွေးနွေး ဆောင်ရွက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်မှူးများနှင့် လူမှုရေးအသင်း အဖွဲ့များ မှ စုစုပေါင်း (၃၀)ဦးတက်ရောက်ပြီး၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ စာကြည့်တိုက်များရေရှည် ရှင်သန်
ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပသွားမည်
ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း