တာချီလိတ်  ဖေဖော်ဝါရီ  ၂၈
         နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန()မှ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း  နှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့ရှိ  ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို  ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၉ နာရီ က  အောင်မြတ်ခန်းမ၌ ကျင်းပရာ    ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ခံများ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကြူ ပုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား(၄၇၀)ဦးခန့် တက်ရောက်သည်။
          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး  ဦးစိုးသိန်း  က   တိုင်းရင်းသားပြည်သူများအား လာရောက်တွေ့ ဆုံခြင်းနှင့်စပ်လျဉ်း၍  အဖွင့်ရှင်းလင်းပြောကြားပြီး၊ မွေးမြူရေး၊  ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး  ဦးအုန်းမြင့် က ၀န်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများနှင့် ပတ်သက်ပြီး   အမှာစကားပြောကြားသည်။
ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး  ဦးစိုးသိန်း  က  လက်ရှိအစိုးရအနေဖြင့်  အကောင် အထည်
 ဖော်ဆောင်ရွက်ခဲ့သည့်  လုပ်ငန်းစဉ်များ၊  နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်ပုဂ္ဂလိက အခန်း ကဏ္ဍပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ခဲ့မှုများနှင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ခဲ့မှုအား အကျယ်တ၀င့်   ရှင်းလင်းပြောကြား သည်။
ထို့နောက်  တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိဖြို့ဖများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများက သိရှိလိုသည့်  ဆွေးနွေးတင်ပြချက်များအား    ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                          ခရိုင်ပြန်/ဆက်










 
Top