တာချီလိတ် ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက
ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် နယ်စပ်မြို့ဖြစ်သည့်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊
အများပြည်သူ ဈေးရောင်းဈေးဝယ် များ စနစ်တကျရှိ စေရေးအတွက် အဆင့်မြင့် ၀မ်ကောင်းမြို့မဈေး အပေါ်ထပ်ရှိ မီနီမားကတ်၊ စားသောက်ဆိုင်
နှင့်
ပျံကျဈေးသစ် ဖွင့်ပွဲကို
ဖေဖော်ဝါရီ
၂၈ ရက်၊ နံနက် ၁၁
နာရီ က အဆိုပါဈေး သစ်ရှေ့ ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအထိမ်းအမှတ်အလံငယ်များအား မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး
ဒုတိယညွှန်ကြားရေးမှူး
ဦးကျော်မိုးထွန်း က တာဝန်ရှိသူများထံ
ပေးအပ်သည်။ ထို့နောက်
ပြည်နယ်စည်ပင်
သာယာရေးကော်မတီ
ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထိုက်၊
ပြည်နယ်စည်ပင် သာယာရေးဌာနခွဲ၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်
နှင့် မင်းခေတ်သစ်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ
ဦးစိုင်းဝန်းပန်(ခ)
ဦးမောင်မောင်
တို့က
ပျံကျဈေး သစ်အား
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်
သာယာရေးဝန်ကြီး
ဦးစိုင်းလှဝင်း က
ပျံကျဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊
ဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းများအား
လှည့်လည်
ကြည့်ရှုသည်။ အဆိုပါ ပျံကျဈေးသစ်အား
ငွေကျပ်သိန်း(၁၃၀၀)ဖြင့် မြေအကျယ်(၈၀)ပေ ပတ်လည် ၌
ပျံကျဈေးခုံ (၁၄၆)ခုံ
နှင့်
မြို့မဈေး အပေါ်ထပ်တွင်
ငွေကျပ်သိန်း(၂၃၀၀)ဖြင့် မီနီမားကတ်
(၁၂)ခန်း နှင့် ကလေးကစားကွင်းများကို ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
ထိုမှတဆင့်
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးကော် မတီနှင့်ရွှေရေကန် သွင်းကုန် ထုတ်ကုန်
ကုမ္ပဏီလီမိတက်တို့
အကျိုးတူပူးပေါင်းဆောင်ရွက်ထားသည့် ငွေကျပ်သိန်း (၉၇၄၀)ဖြင့် မြေဧရိယာ (၁.၂၆)ဧကအကျယ်အ၀န်းတွင် အများပြည်သူသွားလာမှု ပိုမိုလျှင်မြန်လွယ်ကူအဆင်ပြေရေး၊
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက်
ရည်ရွယ်ဆောက်လုပ်ခဲ့သည့်
မီနီမားကတ် ဆိုင်ခန်းများ၊
အဝေးပြေးယာဉ်ဂိတ် နားနေဆောင်
ဖွင့်ပွဲကျင်းပရာ ကျိုင်းတုံ(ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ရွှေရေကန်သွင်းကုန်ထုတ်ကုန်
ကုမ္ပဏီ လိမီတက် မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းနွမ်း တို့က ဖဲကြိုးဖြတ်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း က မီနီမားကတ်ဆိုင်ခန်းများနှင့် အဝေးပြေး ယာဉ်နားနေဆောင် ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ အဆောက်အဦ နှင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ
ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်
မြို့နယ်စည်ပင် သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုး တို့က လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း