တာချီလိတ် မတ် ၁၃
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အမှုဆောင်အသစ်
ပြန်လည်ရွေးချယ်ခြင်း၊ ငွေစာရင်း
ရှင်းတမ်း ရှင်းလင်းခြင်း
နှင့် အသင်းရုံးရှိ
စာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ
ညှိနှိုင်းဆွေးနွေးခြင်းကို
ယနေ့
မတ်
၁၃
ရက်၊ ညနေပိုင်းက
ကျင်းပရာ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် စာရေးဆရာ အသင်း အဖွဲ့ဝင်များ
တက်ရောက်သည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း
ဥက္ကဋ္ဌ
ဦးထိန်မင်း က အစည်းအဝေး ကျင်းပခြင်းနှင့် စပ် လျဉ်း၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊
ဘဏ္ဍာရေးမှူး ဦးဝေယံဦး
က
ငွေစာရင်းရှင်းတမ်းများအား
ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့်
အဖွဲ့ဝင်များက
ရွှေတြိဂံမဂ္ဂဇင်း ထုတ်ဝေဖြန့်ချိရေး နှင့် အသင်း
စာကြည့်တိုက်လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း
၏ လမ်းညွှန်ချက်နှင့်အညီ အမှုဆောင်အသစ်
ပြန်လည်ဖွဲ့စည်းခြင်းဆောင်ရွက်ရာ ယခင်အမှုဆောင်များအားလုံးက နှုတ်ထွက်ခြင်း ဆောင်ရွက်သည်။ ယင်းနောက်
အမှုဆောင်သစ်ရွေးချယ်ခြင်းအား အများဆန္ဒနှင့်အညီ တစ်ဦးချင်း ဆန္ဒမဲပေးခြင်းဖြင့်
ရွေးချယ်ဆောင်ရွက်ရာ တက်ရောက်လာသည့်
အဖွဲ့ဝင်(၁၁)ဦးက ဥက္ကဋ္ဌ ရာထူးနေရာတွင် ဦးထိန်မင်း အား ဆန္ဒမဲ(၁၁)မဲ
ဖြင့် လည်းကောင်း၊ အတွင်းရေးမှူး
နေရာတွင်
ဦးစံသိန်း အား ဆန္ဒမဲ (၁၀)မဲ
ဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးမှူး
နေရာတွင် ဦးဝေယံဦး အား ဆန္ဒမဲ(၁၀)မဲ
ဖြင့်လည်းကောင်း
အသီးသီးဆန္ဒမဲပေး ရွေးချယ်သည်။
ထို့နောက် အသင်းနာယကများဖြစ်သည့် ဒေါက်တာမြင့်အောင် (မောင်မြန်မာ)က
အများဆန္ဒနှင့်အညီ ယခင် အသင်းအမှုဆောင်များအတိုင်း ပြန်လည်ရွေးချယ်သည့်အတွက် စည်းလုံးညီညွတ်သည့်
အသင်းအဖြစ် တည်ရှိနေသည့်အတွက် ကျေးဇူးတင်စကား
ပြောကြားပြီး
၊
ဦးစိုးစိုး (သုတစိုး)
က
တတိယအကြိမ်
မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံမှ
အတွေ့အကြုံများအား
ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်
ခဲ့ကြောင်းသိရသည်။
ဝေယံလင်း