မြန်မာ-လာအို
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် တည်ဆောက်ခဲ့သည့် မဲခေါင်မြစ်ကူးတံတား
ချဉ်းကပ် လမ်းကြောင်းပေါ်ရှိ (BCF) နယ်စပ်ဂိတ်အဆောက်အဦ
ဆောက်လုပ်ရာ၌ ပါဝင်သွားသော
လယ်မြေပိုင်
ရှင်များ အား နစ်နာ ကြေးငွေကျပ်သိန်း
(၃၈၁)သိန်းကျော်အား ပေးအပ်ပွဲကို
ယနေ့ မတ်
၁၇ ရက်၊
နံနက် ၁၁
နာရီက တာချီလိတ်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ
အစည်းအဝေးခန်းမ၌
ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်
အမှာစကားပြောကြားပြီး၊
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊
အဆောက်အဦဆောက်လုပ်ရေး အထူးအဖွဲ့(၆)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော် က နှစ်နိုင်ငံချစ်ကြည်ရေးတံတား ချဉ်းကပ်လမ်းကြောင်းပေါ်ရှိ (BCF)နယ်စပ်
ဂိတ်အဆောက်အဦ
ဆောက်လုပ်ရာတွင် ပါဝင်သွားသော
လယ်ပိုင်ရှင်များအား
နစ်နာကြေးငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်
ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်
နှင့် တာချီလိတ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး တို့က လယ်ယာမြေဧက
တစ်ဧကလျှင် ငွေကျပ်သိန်း
တစ်ရာနှုန်းဖြင့် လယ်မြေ
ဧက (၃.၈၁၂)ဧကအတွက်
ငွေကျပ်သိန်း(၃၈၁၂၀၀၀၀)အား
လယ်ပိုင်ရှင် (၉)ဦးတို့ထံပေးအပ်ခဲ့ပြီး၊လယ်ပိုင်ရှင်
တစ်ဦးဖြစ်သူဦးသိန်းထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြား
ခဲ့ကြောင်းသိရသည်။
ဝေယံလင်း