တာချီလိတ် မတ် ၁၉
ရာသီဥတုအပူရှိန်မြင့်မားမှုကြောင့် မီးဘေးအန္တရာယ်ကြိုတင်
ကာကွယ်မှုအဖြစ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)
တာချီလိတ်မြို့တွင်
ရပ်ကွက်နှင့် ဈေးများ၌
အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ် ခြင်း၊ မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းတို့ ဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေး အန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ
ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့်
ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၁၇ ရက်၊
မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း
သိရ သည်။
ထိုသို့စစ်ဆေးရာတွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီ ဥက္ကဋ္ဌ နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့က
စက်သုံးဆီ
အရောင်ဆိုင်များတွင်
မီးသတ်ဆေးဘူး
များ ကောင်းမွန် ခြင်း
ရှိ၊ မရှိစစ်ဆေးခြင်း၊ မီးချိတ်မီးကတ်များ၊ ရေ
နှင့်သဲများ ရှိ၊
မရှိစစ်ဆေးခြင်း၊ စက်သုံးဆီများ
သိုလှောင်ခြင်း နှင့်
ဖြန့်ဖြူးခြင်း လုပ်ငန်းလိုင်စင်များပါအတိုင်း ကိုက်ညီမှု
ရှိ၊ မရှိ
စစ်ဆေးခြင်း ၊ ပတ်ဝန်ခြင်းထိခိုက်မှု ရှိ၊
မရှိစစ်ဆေးခြင်း နှင့်
အခြားဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ တို့ကို စစ်ဆေးပြီး၊ တာဝန်ရှိသူများက လိုက်နာဆောင်ရွက်ရန် လိုအပ် သည်များအား ဆွေးနွေြးေ ပာ ကြားခဲ့သည်။
မြို့နယ်အတွင်းရှိ
စက်သုံးဆီအရောင်းဆိုင်
(၁၃)ဆိုင် အား
ရာသီဥတုပူပြင်းသဖြင့်
နေ့စဉ် နံနက်
၆ နာရီ
မှ ၁၀
နာရီအထိလည်းကောင်း၊ ညနေ
၎ နာရီ
မှ ည
၈ နာရီအထိလည်းကောင်း ၂၀၁၆ခုနှစ် ၊မေ လကုန်အထိသတ်မှတ် အချိန်အတွင်းသာ စက်သုံးဆီများကို
ဖြန့်ဖြူးရောင်းချရန်သတ်မှတ် ဆောင်ရွက်
လျက်ရှိကြောင်းသိရသည်။
ဝေယံလင်း